ပူတာအို မတ် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် သမဝါယမဦးစီးဌာနကကြီးမှူး၍ သမဝါယမအသင်းများ စာရင်းဇယားပြည့်စုံမှန်ကန်စွာ ရေးသွင်းထားရှိတတ်လာစေရန်၊ အသင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်လာ စေရန်၊ သမဝါယမအသင်း ဥပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို နားလည်လာစေရန်အတွက် သမဝါယမအသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင်နှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ပူတာအိုမြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခမ်းကိုင်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုထွေးတို့က သင်တန်းသုံးအထောက်အကူပြုပစ္စည်း များအား သင်တန်းသား သင်တန်းသူများထံ လွှဲပြောင်းပေးအပ်သည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း ပေါင်း(၄၀)သင်းမှ သင်တန်းသား သင်တန်းသူစုစုပေါင်း (၄၀)ဦးတို့အား မြို့နယ်သမဝါယမဦးစီး ဌာနမှ သင်တန်းနည်းပြများက သမဝါယမဘာသာရပ်နှင့် စာရင်းရေး၊စာရင်းကိုင်ဘာသာရပ် များကို ဖေဖော်ဝါရီ (၂၅)ရက်မှ (၂၆)ရက်နေ့အထိ သင်တန်းကာလ နှစ်ရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်