Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်ရေး တွေ့ဆုံဆွေးနွေး


03 Mar,2026

သာယာဝတီ ဖေဖော်ဝါရီ ၂၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် သာယာဝတီခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနနှင့်ဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ရုံးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့အား မှာကြားခဲ့သည်။

         ထို့နောက် ခရိုင်ဦးစီးမှူး ဦးသန်းမြတ်စိုးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်