Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းတံတားများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


05 Mar,2026

ရွှေတောင် မတ် ၄

         ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအထွေထွေ ပိုလျှံငွေဖြင့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးထွန်းဝေ(ပဲခူးတိုင်းတာဝန်ခံ)၊ ပြည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝဏ္ဏ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့နှင့်အတူ ရွှေတောင်မြို့နယ်အတွင်းရှိ ရွှေနတ်တောင်-ကျီးသဲလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ပေ ၆၀ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တံတားတည်ဆောက်ခြင်းလုပ်ငန်းကို အရည်အသွေးပြည့်မီအောင် စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သုတ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်