နေပြည်တော် မတ် ၃
“ပုလဲဥ” အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယအသင်းလီမိတက်၏ အုတ်ကြွပ်အမိုးပြားနှင့် အုတ်စက်ရုံ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ရွှေပြည်အေး ကျေးရွာအုပ်စု၊ အမှတ်(၁၇၉၉/ခ)ကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည့် “ပုလဲဥ” အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယအသင်းလီမိတက်၏ အုတ်ကြွပ်အမိုးပြားနှင့် အုတ်စက်ရုံ တည်ဆောက်မည့် မြေနေရာ၌ ပန္နက်တင် မင်္ဂလာပြုလုပ်ကြပါသည်။
ထို့နောက် “ပုလဲဥ” အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယအသင်းလီမိတက် တာဝန်ရှိသူ များက စက်ရုံတည်ဆောက်မည့်အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများ အချိန်တို အတွင်း ဆောလျင်စွာပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် ထွက်ရှိလာသော ထုတ်ကုန် များဈေးကွက်ရရှိရေး ကြိုတင်ချိတ်ဆက် ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ မြွေရိုး ကျောင်းစုကျေးရွာ အုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်ပိုင်မြေပေါ်တွင် ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် မျိုးဇမ္ဗူကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဥစားကြက်မွေးမြူရေးလုပ်ငန်းမှ ကြက်ခြံတည်ဆောက်နေမှု အခြေအနေများအားလည်းကောင်း၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ခေတ်ရှေ့ဆောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း လီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်းနှင့် လယ်ယာသုံးစက်ပစ္စည်း အသစ်တပ်ဆင်/ အဟောင်းပြုပြင် အလုပ်ရုံ၌ မျိုးစေ့ချကိရိယာများ တပ်ဆင်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကြက်ခြံတည်ဆောက်ခြင်းလုပ်ငန်းများ လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မျိုးစေ့ချကိရိယာ များအား နွေစပါးစိုက်ပျိုးချိန်အမီ အသင်းသားတောင်သူများ လက်ဝယ်ရောက်ရှိရေး အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်