Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် သံဘိုလေးကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြော


05 Mar,2026

မကွေးမြို့နယ် သံဘိုလေးကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြော

‎**********************************

‎မကွေး      ‌မတ်      ၅

‎‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ် ရေး အသိပညာပေးဟောပြောပွဲကို မတ်လ ၄ ရက်နေ့က ‌သံဘိုလေးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ မကွေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင် ရွက်ရမည့် အချက်များကို ဆွေးနွေးဟောပြောသည်။

‎‎ဆက်လက်၍ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်က ပတ်ဝန်းကျင်ညစ်ညမ်းမှုမ‌ဖြစ်ပေါ်စေရေး စနစ်တကျအမှိုက်စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ အိမ်တွင်းလေထုညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် အမှိုက်အများကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ရန်နည်းလမ်းများကို ဆွေးနွေးပြောကြားသည်။

‎‎ထို့နောက် ကျေးရွာသူ/သားများက သိရှိလိုသည်များမေးမြန်းရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

‎‎အဆိုပါဟောပြောပွဲသို့ သံဘိုလေးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ/ သား ၁၆၀ ဦး တက်ရောက်ခဲ့ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်