Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲပြုလုပ်


06 Mar,2026

နေပြည်တော်၊ မတ် ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် လစဉ်ပြုလုပ်လျက်ရှိသော ဝန်ထမ်းထုတ်ဆန္ဒဖော်ထုတ်ပွဲ(၃/၂၀၂၆)ကို ယနေ့ မွန်းလွဲပိုင်း က အဆိုပါ ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။

          ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။

          အဆိုပါ ဝန်ထမ်းထုတ်ဆန္ဒဖော်ထုတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က လက်ရှိဖြစ် ပေါ်နေသော စက်သုံးဆီဆိုင်ရာ ကိစ္စရပ်များ၊ ဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပမည့် အစီအစဉ်များ၊ ဝန်ထမ်းများမှ အခက်အခဲများရှိပါက ဖြေရှင်းပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဌာနမှ အကြီးအကဲများအနေဖြင့် ဝန်ထမ်းအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများအား အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းစသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

          ထို့နောက် ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေးဌာနခွဲ)က ယခင်ကျင်းပပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ် ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ယခုကျင်းပပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲတွင် ဌာနခွဲများ အလိုက် တင်ပြချက်များရှိပါက တင်ပြနိုင်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ ဝန်ထမ်းများ အနေဖြင့် အခက်အခဲများရှိပါ အဆင့်ဆင့် တင်ပြစေပြီး သက်ဆိုင်ရာအလိုက် ကူညီဖြေရှင်း ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဌာန၏ လုပ်ငန်းများ အောင်မြင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကိုလည်း ယခု လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင် အောင် အမြဲတမ်း လေ့လာ ကြိုးစားနေရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ ဝန်ထမ်းများအနေဖြင့် အလုပ်တာဝန်များအား စည်းစည်းလုံးလုံး နေထိုင်ဆောင်ရွက်ကာ တိုင်းပြည်ကောင်းကျိုးနှင့် ပြည်သူ့ အကျိုးကို အကောင်းဆုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်