Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ


06 Mar,2026

နေပြည်တော်၊ မတ် ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်သည့် တန်ဖိုးမြှင့်စားသောက်ကုန် Bakery ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟချက် ကျဉ်းမြောင်းစေရေးတို့ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို သင်ကြားပို့ချပေးခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ အားပေးကူညီခြင်းနှင့် ထွက် ရှိလာသော ကုန်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ လုပ်ငန်း မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

          ယခုသင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များသည် Bakery လုပ်ငန်းကို လုပ်ကိုင် နေကြသည့် သင်တန်းသားများအတွက် မိမိတို့၏ အတတ်ပညာကို တစ်ဆင့်မြင့်နိုင်အောင် ရည်ရွယ် ပို့ချပေးခြင်း ဖြစ်ကြောင်း၊ Bakery လောကတွင် လူများ၏ အကြိုက်နှင့် အရသာသည် တစ်နေ့ထက် တစ်နေ့ ပြောင်းလဲနေခြင်းကြောင့် သင်တန်းသားကလည်း မိမိတို့ သိရှိသွားသည့် မွမ်းမံနည်းပညာများ ကို အသုံးချပြီး ပိုမိုအရည်အသွေး ကောင်းမွန်ပြီး စားသုံးသူများ ယုံကြည်စိတ်ချရသည့် ဒေသထွက် ကုန်သစ်များကို ဖန်တီးထုတ်လုပ်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းနည်းပြအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုတံဆိပ်တို့အား ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

          ယခုဖွင့်လှစ်ခဲ့သော သင်တန်းတွင် Marble Cake ၊ Butter Cake ၊ ပေါင်မုန့်အမျိုးမျိုး၊ ကွတ်ကီး အမျိုးမျိုး၊ ကိတ်ခြောက်၊ လမုန့်စသည့် ဈေးကွက်ဝင် ထုတ်ကုန်ပြုလုပ်နည်းများအပြင် စီးပွားရေး လုပ်ငန်းတစ်ခု တည်ထောက်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖြေရှင်း နည်း၊ ကုန်ကျစရိတ်တွက်ချက်ခြင်း၊ အမြတ်ငွေတွက်ချက်ခြင်း၊ Marketing သဘောတရာများနှင့် ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များကို စာတွေ့ လက်တွေ့ သင်ကြား ပေးခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်