Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေ‌ကြည် မြို့နယ်၌ ၆၄ နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သရက်ပင်လှကျေးရွာ ကုန်ထုတ်လမ်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ် ‎


06 Mar,2026

ရေ‌ကြည် မြို့နယ်၌ ၆၄ နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် သရက်ပင်လှကျေးရွာ ကုန်ထုတ်လမ်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဖွင့်လှစ် 

‎ရေကြည် မတ် ၆
      ‎ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်၌ ၆၄ နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် မတ်လ ၅  ရက်နေ့  နံနက် ၉ နာရီက မြတ်တိုကျေးရွာအုပ်စု၊ မဲဇလီကုန်းကျေးရွာ ကုန်ထုတ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။ 
‎      အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်တို့က မယ်ဇလီကုန်းကျေးရွာ ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်  ဖွင့်လှစ် ပေးခဲ့ကြပြီး   အဆိုပါ ကုန်ထုတ်လမ်းသစ်ကို  တိုင်း‌ေဒသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့်   တက်ရောက်လာကြသူများက  လှည့်လည်ကြည့်ရှူ့စစ်ဆေးကြသည်။ 
‎     အဆိုပါ မယ်ဇလီကုန်းကျေးရွာ၌  လမ်းအရှည် ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့်  ၉ လက်မရှိ  မြေ‌ရောကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၉ သန်း ဖြင့် ဝင်းထိုက်ကျော်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရသည်။
‎ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်