Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံတောင်ကြီးမြို့နယ် ဖယ်ဘိုး(အထက်)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများစစ်ဆေး


06 Mar,2026

သံတောင်ကြီးမြို့နယ် ဖယ်ဘိုး(အထက်)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများစစ်ဆေး

‎************************************

‎သံတောင်ကြီး      မတ်      ၆

‎‎ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖယ်ဘိုး(အထက်) ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် တနိုင်တပိုင်ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွန့် နှင့် သံတောင်ကြီးမြို့နယ်မှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် တနိုင် တပိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့်စာရင်း ဇယားပုံစံများ ပြည့်စုံမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎သံတောင်ကြီးမြို့နယ်၊ ဖယ်ဘိုး(အထက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ သုံးဆယ်ဦးကို ငွေကျပ် သိန်း ၃၅၀ အား အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးထားကြောင်း၊ အဆိုပါရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း သံတောင်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်