Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


06 Mar,2026

ညောင်တုန်း မတ် ၅

         ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့နှင့်အတူ မတ် ၃ ရက်က ညောင်တုန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူတည်ဆောက်သည့် သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတား တည်ဆောက်ရေးလုပ်ငန်း အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားသည်။

          အဆိုပါ သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတားသည် အရှည်ပေ ၁၄၀ ရှိ ဘေလီတံတားအမျိုးအစားဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(အထွေထွေ ပိုလျှံ) ရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်