Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘိုကလေးမြို့နယ် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး) ကားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ


10 Mar,2026

ဘိုကလေး မတ် ၉

      ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘိုကလေးမြို့နယ် ဟိုင်းစီကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာနှင့် ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်ခင်းကျင်းခဲ့သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး) ကားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ပိုင်းက ကျင်းပသည်။

      အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းသိန်း၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

      ယခုဖွင့်လှစ်သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး)ကားလမ်း ကွန်ကရစ်လမ်းသစ်သည် လမ်းမိုင်အရှည် တစ်မိုင် ၀ ဒသမ ၂ ဖာလုံ၊ လမ်းနယ်နိမိတ်အကျယ်ပေ ၃၀ ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြီးဆုံးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုးငွေ ၁၂၉ ဒသမ ၁၈၈ သန်း ရှိကြောင်း၊ အဆိုပါ လမ်းခင်းခြင်းဖြင့် အကျိုးပြုရွာ သုံးရွာ၊ အကျိုးပြု အိမ်ခြေ ၈၀၂ လုံး၊ အကျိုးပြုလူဦးရေ ၃၁၈၇ ဦးရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်