ဘားအံ မတ် ၇
၂၀၂၆ ခုနှစ်မတ်လ၂၇ ရက်တွင်ကျရောက်မည့် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေကျပ် ၅၉၅ ဒသမ ၆၁၆ သန်း ဖြင့် ဘားအံမြို့နယ် ကော့ကဒါ-ကော့တာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကျယ် ၁၄ ပေ၊ အရှည် ၆ ဒသမ ၉၆ ဖာလုံရှိ ကွန်ကရစ်လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးလက်လမ်း/တံတားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်၊ မြို့ပြ အချိုးညီစွာ ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာ မှမြို့ပြအသွင်၊ မြို့ပြအခြေအနေသို့ အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာနိုင်မည်ဖြစ်ရာ ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များအား အသုံးပြု၍ အမြန်ဆုံးဆက်သွယ် သွားလာနိုင်ကာ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများ၏ လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး မြန်ဆန်ကောင်းမွန်လာခြင်း၊ ကျေးလက်ထုတ်ကုန်များ အချိန်ကုန်သက်သာစွာ ဈေးကွက်သို့အလျင်အမြန်သယ်ယူပို့ဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ မိသားစုတစ်ဦးချင်းဝင်ငွေများ တိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော့ကဒါကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရ သည်။
(၄၀၆)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်