ဟိုင်းကြီးကျွန်း မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၌ ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမှုများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးကျော်သူမင်းနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အမှတ်(၁၊ ၂၊ ၃) ရပ်ကွက်တို့ကို ဆက်သွယ်ပေးထားသော ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာခိုင်နှုန်း ပြီးစီးမှု၊ လမ်းပိုင်းများ အရည်အသွေးပြည့်မီမှုနှင့် ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းသည် ဟိုင်းကြီးကျွန်းမြို့ရှိ အိမ်ခြေ ၂၇၇၄ အိမ်၊ လူဦးရေ ၁၂၄၇၂ ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်