ဘိုကလေး မတ် ၁၀
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဟိုင်းစီကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာနှင့် ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်ခင်းကျင်းခဲ့သည့် ရွာတန်းရှည်-(ဖျာပုံ-ဘိုကလေး)ကားလမ်း ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲကို မတ်လ ၉ ရက်က ကျင်းပသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ် ၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းသိန်း၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊ ဖျာပုံခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမိုးမြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်နိုင်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်ကို လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ခဲ့သည့် ဘင်ခရာအဖွဲ့၊ ဒိုးဝိုင်းအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့၊ ပန်းဖွားအဖွဲ့များအား အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းကွန်ကရစ်လမ်းသစ်သည် အရှည် ၁ မိုင် သုည ဒသမ ၂ ဖာလုံ၊ အကျယ်ပေ ၃၀ ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်