Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆောင်းသီးနှံနေကြာ(ရုရှားမျိုး ၃ မျိုး) ယှဉ်ပြိုင်စမ်းသပ်ကွက်အောင်မြင်ဖြစ်ထွန်းနေမှုများအား ကွင်းဆင်းကြည့်ရှု


17 Mar,2026

ဒိုက်ဦး မတ် ၁၇

            ပဲခူးတိုင်း‌ဒေသကြီး ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာအုပ်စု၊ ပျဉ်းမလွင်ကျေးရွာရှိ ရွှေလွင်မြေစိုက်ပျိုးရေးနှင့် အထွေထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းတွင် ရုရှားနေကြာ(၃)မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုအား ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများသည် ကွင်းအမှတ် ၄၄၄ - ဃ ကွင်းတွင် ရုရှားနေကြာ(၃)မျိုး  ၁၅ ဧက စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ နေကြာပင်များမှာ အပင်သက်တမ်း (၄၀)ရက် ကျော်လာပြီဖြစ်သည့်အတွက် ပန်းများစတင် ဖူးပွင့်နေပြီး အစေ့အဆံအောင်မြင်စေရန် ပျားလုပ်ငန်းဦးစီးဌာနနှင့်ချိတ်ဆက်၍ ပျားပုံးများအချိန်မီချထားရန်၊ ရေဆင်း(၇) နွေနှမ်းနက်(စပ်မျိုး) အား ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် အသီးအပွင့်များအောင်မြင်စေရန် ရှရုားဆေး Humate Plus၊ Florata၊ Super Boron များအား ထည့်သွင်းရမည့်အချိန်တွင် စနစ်တကျဖျန်းပက်ရန် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်