လပွတ္တာ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်၌ လပွတ္တာ-ထိပ်စွန်းလမ်းမှ ကညင်ကုန်းကျေးရွာသို့ ဆက်သွယ်သောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် ၁၃ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့စစ်ဆေးရာတွင် လပွတ္တာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်လုပ်ငန်းအရည်အသွေးနှင့်လုပ်ငန်းပြီးစီးမှု စစ်ဆေးရေးအဖွဲ့တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဧရာဒီပါကုမ္ပဏီက ဆောင်ရွက်သည့် လပ္ပတ္တာ-ထိပ်စွန်းလမ်းမှ ကညင်ကုန်းကျေးရွာသို့ ဆက်သွယ်သော လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါလမ်းသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်