Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး ဝင်‌ငွေတိုးစီမံကိန်းမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ


16 Mar,2026

မတ် ၁၆၊ ရန်ကုန်

          ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းမှ လုပ်ငန်းထူထောင်ခဲ့သည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

          အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဖိတ်ကြားထားသော ဌာန ဆိုင်ရာ တာဝန်ရှိသူများ နှင့်ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်လျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

          ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်များမရှိအောင် သက်ဆိုင်ရာဌာနအသီးသီးက ရည်မှန်းချက်များထားရှိပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့ပြနေအခြေခံလူတန်းစားများ၊ ကျေးလက်နေပြည်သူများအတွက် မိသားစုတစ်ပိုင်တစ်နိုင် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်လာစေပြီး မိသားစုဝင်ငွေများရရှိရန်နှင့် အလုပ်လက်မဲ့လျော့နည်းလာစေရေးကို အထောက်အကူပြုစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်က ရည်မှန်းချက်ထားရှိပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများအား ဌားရမ်းသုံးစွဲခွင့် ပေးထားသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဝင်ငွေတိုးစီမံကိန်းအား မြို့နယ်(၁၁)မြို့နယ်တွင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင် (၉၈)ဦးကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးထားပြီး ဖြစ်ကြောင်း၊ မိမိတို့ဦးစီးဌာနတွင်လည်း စားသောက်ကုန်၊ လူသုံးကုန်လုပ်ငန်းများကို ဓါတ်ခွဲစမ်းသပ်ပြီး လုပ်ငန်း မှတ်ပုံတင်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ နည်းပညာပိုင်းလိုအပ်ချက်များရှိပါက ဌာနမှ ဆက်လက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိလုပ်ငန်း အောင်မြင်မှု၊ တွေ့ကြုံရသည့် အခက်အခဲနှင့် ပံ့ပိုးပေးထားသည့် လုပ်ငန်းသုံးပစ္စည်းများမှာ မိမိတို့လုပ်ငန်းနှင့် အမှန်တကယ် အထောက်အကူ ဖြစ်မဖြစ်သိရှိနိုင်ရန် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်နေမှု၊  အောင်မြင်ခြင်းရှိမရှိကို ဌာနမှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သဖြင့် မိမိတို့လုပ်ငန်းကို ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် ကိုယ်ပိုင်ထူထောင်လျက်ရှိသော လုပ်ငန်းရှင် များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်