တောင်တွင်းကြီးမြို့နယ် ကွင်းမြှောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု စစ်ဆေး
တောင်တွင်းကြီး၊မတ် ၁၇
မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းမြှောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကွင်းမြှောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ချေးငွေစာချုပ်ပါအတိုင်းအမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်း ကောင်း ၊စာရင်းဇယားများဆောင် ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းမြှောင်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူခြောက်ဦးကိုငွေကျပ်၃၄သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၆ဦးကို ငွေကျပ်၄၉၃ သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူလေးဦးကိုငွေကျပ် ၂၂သိန်း၊အသက်မွေးဝမ်း ကျောင်းလုပ်ငန်းလုပ်ကိုင်သူ သုံးဦးကို ၂၀သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ၈၉ဦးကိုမြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၆၉သိန်းထုတ်ချေးပေးထားပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်