Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လပွတ္တာမြို့နယ် အညာစုကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး


17 Mar,2026

လပွတ္တာမြို့နယ် အညာစုကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး

‎********************************

‎လပွတ္တာ               မတ်                ၁၇

‎‎ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အညာစုကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့‌ ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူ နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်စီမံကိန်းဝင်များနှင့် အတူ အညာစုကျေးရွာတွင်းလမ်းအရှည် ၅၀၄ ပေ လမ်းအကျယ် ၄ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ စေရေးအတွက် ကျေးရွာသူ/သားများက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရရှိသော ငွေကျပ်သိန်း ၁၁၀ ဖြင့် ဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်လမ်းဆောင်ရွက်ခြင်းကြောင့် ကျေးရွာရှိ အိမ်ခြေ ၇၂ အိမ်မှ လူ ၃၀၆ ဦး၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများဆောင်ရွက်ရာ၌ ရာသီမရွေး သွားလာနိုင်ပြီဖြစ် ကြောင်း လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်