Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဘွဲကြိုသင်တန်းများနှင့် ဘွဲလွန်သင်တန်းများ၏ စာမေးပွဲများ စစ်ဆေးခြင်း


18 Mar,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၆.၃.၂၀၂၆) ရက်နေ့ နံနက်ပိုင်း ၌ ကွန်ပျူတာလက်တွေ့စာမေးပွဲဖြေဆိုနေမှုနှင့် ရေးဖြေစာမေးပွဲဖြေဆိုနေမှု အခြေအနေများကို ပါမောက္ခချုပ်ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှူးနှင့် မော်ကွန်းထိန်းများမှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာလက်တွေ့ စာမေးပွဲ များနှင့် Theory ပိုင်း ရေးဖြေစာမေးပွဲများကို (၁၆.၃.၂၀၂၆)ရက်နေ့မှ (၂၄.၃.၂၀၂၆) ရက်နေ့ထိ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပါသည်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်(ပထမနှစ်ဝက်နှင့်ဒုတိယနှစ်ဝက်)၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာတန်း(ပထမနှစ်) သင်တန်းအသီးသီး၏ စာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၁၃၆၀)ဦး ဖြေဆိုလျက်ရှိပါသည်။

ပါမောက္ခချုပ်မှ ကွန်ပျူတာလက်တွေ့စာမေးပွဲများနှင့် ရေးဖြေစာမေးပွဲများကို အဆင်ပြေ ချောမွေ့စွာ ဖြေဆိုစစ်ဆေးပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ စနစ်တကျဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်