နေပြည်တော် မတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာရှိ ရာမည ဖွံ့ဖြိုးတိုးတက်ရေးသမဝါယမ အသင်းလီမိတက်၏ သစ်သီးဝလံပန်းမန် အအေးခန်းသိုလှောင်ရုံနှင့် သစ်သီးဝလံပန်းမန် လက်လီ လက်ကားအရောင်းဆိုင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများ စိုက်ပျိုးထုတ်လုပ် လျက်ရှိသည့် ပန်း၊ ဒူးရင်းသီး၊ နာနတ်သီး၊ ကျွဲကော၊ ကြက်မောက် စသည့် ဒေသထွက်ကုန် သီးနှံ များကို အအေးခန်းသိုလှောင်ရုံတွင် သိုလှောင်ထိန်းသိမ်းထားရှိကာ တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချ ခြင်းဖြင့် အသင်းသားတောင်သူများ၏ မိသားစုဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း၊ ပြည်တွင်းဖူလုံ သည်သာမက ပြည်ပသို့တင်ပို့ရောင်းချခြင်းဖြင့်လည်း နိုင်ငံခြားဝင်ငွေရရှိလာမည် ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း၊ အသင်းအမှုဆောင်များက ဦးဆောင်၍ အသင်းသားများ တက်ညီလက်ညီ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် အသင်းအကျိုးစီးပွား တိုးတက်မြင့်မားရေးကို အလေးထား ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းမှာကြားကာ အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ကောင်းလျှံ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မုဒုံမြို့နယ်၊ ကော့ဟဘင်လမ်းအရှေ့ဘက်၊ ဒုံကနီရပ် မြို့မ(၂)ရပ်ကွက်ရှိ မြေနေရာတွင် အဆင့်မြင့် ခရမ့်ရာဘာကြိတ်ခွဲသိုလှောင်ရုံ အဆောက် အဦး ဆောက်လုပ်မည့်စီမံကိန်းနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဒေသထွက် ရာဘာကုန်ကြမ်း များ လေ့လွင့်ဆုံးရှုံးမှုမရှိစေရေး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မုဒုံမြို့ နယ်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ချည်မျှင်နှင့်အထည် အလိပ်ကျွမ်းကျင် (၁) နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း တက်ရောက်နေကြသော သင်တန်းသား သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများ၊ သင်တန်းကျောင်းအုပ်ကြီး၊ နည်းပြဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ မြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငေွတိုးပွားရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ပူးပေါင်းချိတ်ဆက်မှု အားကောင်းစွာဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်