Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့သောင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်


19 Mar,2026

ကော့သောင်း မတ် ၁၈

            တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ချမ်းဖန်း- ဟတ်စဒင်း- အော်ကြီးကျေးရွာ ချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၄၀၄ ဒသမ ၁၉၆ သန်းဖြင့် လမ်းမိုင် (၀/၅-၁/၁.၆၂) အထိ မူလကျောက်လမ်း (၀/၄.၆၂)မိုင်အား ၂ လက်မ-၄ လက်မ ခွဲကျောက်ဖြင့် လမ်းမျက်နှာပြင်ညှိပြီး ၇ လက်မထု ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါလမ်းသည် ကျေးရွာ ခြောက်ရွာ၊ အိမ်ခြေ ၅၄၀နှင့် လူဦးရေ ၂၇၈၄ ဦးတို့ကို အကျိုးပြုလျက်ရှိပြီး ချမ်းဖန်း-ဟတ်စဒင်း-အော်ကြီး ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလအတွင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက မတ် ၁၈ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်