Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်၌ ကျေးရွာချင်းဆက်တံတားနှင့် မြေသားလမ်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


19 Mar,2026

ကျွန်းစု မတ် ၁၈

           တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ ပထော် - ပထက်ကျေးရွာချင်းဆက်တံတား တည်ဆောက်ပြီးစီးမှုနှင့် ပထော်ကျေးရွာ မြေသားလမ်းကို ကွန်ကရစ်လမ်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

         ဦးစွာ ကျေးရွာဓမ္မာရုံ၌ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် အင်ဂျင်နီယာချုပ်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်း/တံတားလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ကျေးရွာပတ်လမ်း မြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ဆက်လက်၍ ဆောင်ရွက်ပြီးစီးခဲ့သည့် ပထော်-ပထက် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျောက်ကြီးစီ သံကူကွန်ကရစ်တံတားနှင့် တံတားချဉ်းကပ်လမ်း ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်