Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မော်လမြိုင်မြို့ရှိ ရွှေမြိုင်သမဝါယမအသင်း၏ တန်(၉၀)ဆန်စက်အား ကြည့်ရှုစစ်ဆေး


19 Mar,2026

နေပြည်တော် မတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်၍ အခြေခံစာရင်းကိုင်နှင့်စာရင်းစစ်သင်တန်း တက်ရောက်နေကြ သော မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ အမှုထမ်း (၃၅) ဦး၊ ကရင်ပြည်နယ် သမဝါယမဦးစီးဌာနမှ အမှုထမ်း (၅) ဦး၊ စုစုပေါင်းအမှုထမ်း (၄၀) ဦးအား တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက်ခဲ့သည့် (၃) ထပ် စာသင်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အောင်သဇင် သမဝါယမအသင်းနှင့် မွန်ပြည်နယ် သမဝါယမအသင်းစုချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရွှေမြိုင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းလီမိတက်၏ တန် (၉၀) ကျဆန်စက်နှင့် တန် (၁၂၀) စပါးအခြောက်ခံစက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ အသင်းစုချုပ်ဥက္ကဋ္ဌနှင့် စက်ရုံတာဝန်ခံတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် သမဝါယမစိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အရင်းအနှီးရရှိရေး၊ အထွက်တိုး မျိုးနှင့် သွင်းအားစု ရရှိရေးအတွက် စီမံကိန်းများလည်း ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများမှ ထွက်ရှိလာသော စပါးများကို သမဝါယမအသင်းပိုင် ဆန်စက်ဖြင့် ဝယ်ယူကြိတ်ခွဲ၍ ပြန်လည်ရောင်းချခြင်းဖြင့် အသင်းသား တောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်၍ အသင်းအချင်းချင်း စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်