ငဖဲမြို့နယ် နယ်ဇော ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၁၂ ကြိမ်မြောက် ထုတ်ချေး
ငဖဲ မတ် ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ နယ်ဇော ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၁၂ ကြိမ်မြောက် ပြန်လည် ထုတ်ချေးခြင်းကို မတ် လ ၁၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် ငုဝါရွှေ မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေ နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ ထံ ရန်ပုံငွေ ၄၀၂ သိန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက နယ်ဇော ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံ ငွေ ၁၂ ကြိမ်မြောက် အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၉ ဦး ထံသို့ ရန်ပုံငွေ ၂၆၂ သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၈ ဦးထံသို့ ရန်ပုံငွေ ၁၂၈ သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂ ဦးထံသို့ ရန်ပုံငွေ ၁၂ သိန်း၊ စုစုပေါင်း အသင်းဝင် ၇၉ ဦးထံသို့ ရန်ပုံငွေ ၄၀၂ သိန်း အား တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေ ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်