Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းပျဉ်းမြို့နယ် ဝမ်ကျန်ကျေးရွာ ကျေးလက်လမ်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


19 Mar,2026

မိုင်းပျဉ်း မတ် ၁၈

            ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းကို မတ် ၁၇ ရက်က ဟောင်ကန်ကျေးရွာအုပ်စု ဝမ်ကျန်ရွာသွားလမ်း၌ ဆောင်ရွက်သည်။

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော MTKT- ဝမ်ကျန်လမ်းအား သတ်မှတ်လမ်းအကျယ်ရရှိအောင် မြေသားချဲ့၍ ကျောက်ရောမြေဖြင့် အပွန်းခံလွှာခင်းခြင်းလုပ်ငန်း၊ MTKT- ဝမ်ကျန်လမ်း မြေသားလမ်းပေါ်ရှိ ကျောက်စီကမ်းကပ်ခုံ၊ သံကူကွန်ကရစ်ကြမ်းခင်း Box Culvert သုံးစင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၁ သန်းဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၁ ရက်အထိ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နန်းသန္တာဦး

(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်