Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ် တလုပ်ထော်ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး


20 Mar,2026

ဝါးခယ်မမြို့နယ် တလုပ်ထော်ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုစစ်ဆေး

‎********************************

‎ဝါးခယ်မ                 မတ်             ၂၀

‎‎ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် တလုပ်ထော်ကျေးရွာတွင်းလမ်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက (၁၉-၅-၂၀၂၆)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့‌ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင် နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုး‌ရေးကော်မတီဝင်များနှင့် အတူ တလုပ်ထော်ကျေးရွာတွင်းလမ်းအရှည် ၇၃၀ ပေ လမ်းအကျယ် ၂ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ဘီးလမ်းနှစ်ဖက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား ကွန်ကရစ်လမ်းရေရှည်အသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီထံ လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းများ စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ငွေကျပ်သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် သိန်းသုံးဆယ်၊ စုစုပေါင်းငွေကျပ် သိန်း ၁၈၀ ဖြင့် ဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူကျေးရွာ သားများကိုယ်တိုင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါကွန်ကရစ်ဘီးလမ်းဆောင်ရွက် ပေးခြင်းကြောင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေး ကိစ္စများဆောင်ရွက်ရာ၌ ရာသီမရွေး လမ်းပန်းဆက်သွယ်‌ရေးအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်