Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေးဒရဲမြို့နယ်၊ သမဝါယမအသင်းစုလီမိတက် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


23 Mar,2026

ဒေးဒရဲ မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၄ -၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအား မြို့နယ်သမဝါယမ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယအသင်းစုလီမီတက် သဘာပတိ ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားခြင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်စိုးစိုးညွန့်က ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစု စာရင်းစစ်အစီရင်ခံစာ နှင့် နှစ်ချုပ်ဘဏ္ဍာရေး အစီရင်ခံစာများအား တာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်ပြခဲ့ပြီး တက်ရောက်လာသည့် အသင်းစုအဖွဲ့ဝင်များ၏ အတည်ပြုချက်ရယူခဲ့ပြီး အခမ်းအနားအား ပိတ်သိမ်း ခဲ့ကြောင်း သိရသည်။

အေဇာလင်း

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်