သာပေါင်းမြို့နယ် သာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး
သာပေါင်း၊မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သာယာကုန်းကျေးရွာ ၌ VRFP (ကျေးရွာမတည်ရန်ပုံငွေ) စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေများကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူသာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နေမှု၊လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားများစနစ်တကျဖြည့်သွင်းထားရှိမှုနှင့်စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ သာယာကုန်းကျေးရွာ၌ ယခုအခါတွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၀ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၈ဦး၊ရေလုပ်ငန်းလုပ်ကိုင်သူ လေးဦး၊အရောင်အဝယ်လုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦး၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ဆယ်ဦး၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၀၀ဦးအတွက် ငွေကျပ် ၄၂၀သိန်းထိထုတ်ချေးပေးထားကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်