Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည် မြို့နယ် ဇရပ်လှ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု စစ်ဆေး


30 Mar,2026

ရေကြည် မြို့နယ် ဇရပ်လှ  ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု စစ်ဆေး

ရေကြည်  မတ် ၃၀

          ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ဇပ်လှ  ကျေးရွာအုပ်စု၊ ဇရပ်လှ ကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေကြည် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း‌ဆွေ နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးပြီး ရေကြည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေ  က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

         ဇရပ်လှ  ကျေးရွာတွင် လမ်းတစ်ဖက်စီ အရှည်ပေ ၆၃၀  ၊ အကျယ်‌ ၃ ပေ  ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းကို စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၄၀ သိန်း၊ ပြည်သူထည့်ဝင် ငွေ  ၃၀  သိန်း၊စုစုပေါင်း ၁၇၀ သိန်း  အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏  နည်းပညာပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီလ ပထမ ပတ်က စတင်၍ အကောင်အထည်ဖော်‌ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း  ရေကြည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေ  က ပြောပြ၍ သိရသည်။

            ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်