သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ်(ဒုတိယနှစ်ဝက်)သင်တန်း လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ၊ အသုံးချစာရင်းအင်းပညာအထူးပြုမေဂျာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုမေဂျာ၊ စာရင်းကိုင် နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာ နှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာ ကျောင်းသား/ကျောင်းသူများ၏ ဘွဲ့ယူစာတမ်း project paper viva စစ်ဆေးခြင်းများကို ၂၅-၃-၂၀၂၆ မှ ၂၆-၃-၂၀၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထူးပြုဘာသာရပ်ကြီး(၅)ခု၏ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၃၅)ဦး၊ အသုံးချ စာရင်းအင်းပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၆၇)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု မေဂျာမှ ကျောင်းသား/သူ(၄၂)ဦး၊ စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာမှ ကျောင်းသား/ သူ(၈၀)ဦးနှင့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုမေဂျာမှ ကျောင်းသား/သူ(၅၂) ဦး စုစုပေါင်း (၂၇၆)ဦးတို့သည် သက်ဆိုင်ရာအထူးပြုဘာသာရပ်များ၏ သတ်မှတ်ပြဌာန်းချက်များအတိုင်း ဌာနများ၏ အစီအစဉ်ဖြင့် ဖြေဆိုခဲ့ကြပါသည်။
ကျောင်းသား/သူများ၏ တစ်ဦးချင်းအလိုက် လက်တွေ့လုပ်ငန်းလုပ်ဆောင်ရာတွင် အတွေ့အကြုံများနှင့် စွမ်းဆောင်ရည်များအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် လက်တွေ့ကွင်းဆင်း သုတေသနပြုစုမှုအပေါ် ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်