Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ် သမဝါယမကဏ္ဍမှ ဆောင်ရွက်သော ရေဆင်းပေါ်ဆန်း-၂ (မျိုးစေ့ထုတ်) မျိုးစပါးစိုက်ပျိုးမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


30 Mar,2026

သာယာဝတီ မတ် ၃၀

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမကဏ္ဍမှ နိုင်ငံတော်ထောက်ပံ့ငွေ(သက်တန့်ရောင်)စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျွန်းကုန်းကျေးရွာရှိ ကျွန်းကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတွင် အသင်းသား ၄၄ ဦးမှ နွေစပါးသီးနှံများ ဖြစ်သည့် အောင်နိုင်တိုးစပါး ၁၆၁ ဧကနှင့် ရေဆင်းပေါ်ဆန်း-၂ စပါး ၅၀ ဧက စိုက်ပျိုးထားရှိရာ ရေဆင်းပေါ်ဆန်း-၂ စပါးအား မျိုးစေ့ထုတ်လုပ်သွားမည်ဖြစ်ပြီး ၎င်းစိုက်ဧက ၅၀ အနက်မှ အသင်းသား တောင်သူ ဦးစောထွန်းထွန်းဦး၏ စိုက်ဧက တစ်ဆယ်ဧကပေါ်တွင် (မျိုးစေ့ထုတ်)စပါး စိုက်ပျိုးထား ရှိမှုအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်