နေပြည်တော် မတ် ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းနှင့် ဆုလာဘ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ စမ်းသပ်စိုက်ပျိုး ထားသော ဆင်းရတနာ(၃)မျိုး နှမ်းနက် ၁၈ ဧက စိုက်ပျိုးထားရှိမှုနှင့် လယ်မြေ ၂ ဧကပေါ်တွင် စိုက်ပျိုးထားသော (green shot 35)မျိုး ပန်းဂေါ်ဖီစိမ်း၊ (Royal 900)မျိုး ပန်းဂေါ်ဖီဖြူနှင့် (New 588)မျိုး ဂေါ်ဖီထုတ် စိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းပိုင်မြေ ၂၄ ဧကပေါ်တွင် မျိုးဇမ္ဗူသမဝါယမအသင်း၏ မဟာနွယ် မွေးမြူ ရေးလုပ်ငန်းစုမှ ခေတ်မီနည်းပညာသုံး Pullet House ၂ ရုံနှင့် Layer House ၆ ရုံ ပါဝင်သည့် အကြီးစားစီးပွားဖြစ် ဥစားကြက် မွေးမြူရေးခြံများ၏ အဆင့်လိုက် ကြက်ခြံအဆောက်အဉီ တည် ဆောက်နေမှုကို သွားရောက်စစ်ဆေးကြည့်ရှုကာ တာဝန်ရှိသူများအား ဆက်လက်ဆောင်ရွက်မည့် update workplan နှင့်အတူ ပြန်လည်တင်ပြရန်နှင့် လက်ရှိမွေးမြူထားသော ကြက်သားပေါက် များကို သတ်မှတ်စံနှုန်းအတိုင်း နေရာအကျယ်အဝန်း ဖြစ်စေရေး၊ ကျန်းမာကြံ့ခိုင်စေရေး၊ ဆုံးရှုံးမှု မရှိစေရေးနှင့် သန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံသို့ သွားရောက်ပြီး ရုရှားနေကြာမျိုးများဖြစ်သော မာ့ဟွန်း (Makhaon)၊ ဗော်လ်ကန် Vulkan)၊ အစ်ပိုလစ် (Ippolit) များ ရိတ်သိမ်းပြီးစီးမှု အခြေအနေနှင့် အသားတိုးနွားမွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ရုရှားနေကြာမျိုးများအနက် မာ့ဟ်ဟွန်း Makhaon ရုရှားနေကြာမျိုးသည် စံပြ စမ်းသပ်စိုက်ကွက်အနေဖြင့် (၁) ဧကလျင် (၆၅)တင်း ထွက်ရှိခဲ့ပြီး ကျန်သုံးဧကသည် ရာသီဥတု မကိုက်ညီခြင်း၊ စိုက်ပျိုးချိန်နောက်ကျခြင်း၊ မြေအမျိုးအစားမတူညီခြင်း၊ မှိုရောဂါကျရောက်ခြင်းတို့ ကြောင့် သတ်မှတ်ထားသော အပင်အရေအတွက် ပြည့်မီခြင်းမရှိဘဲ တစ်ဧကလျှင် ၃၃ တင်းသာ ထွက်ရှိကြောင်း၊ ကျန်စိုက်ပျိုးထားရှိသော Makhaon တစ်ဧက၊ Vulkan နှင့် Ippolit မျိုး ၅ ဧကစီကို လာမည့်ဧပြီလအတွင်း ဆွတ်ခူးရိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်