Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်၌ သမဝါယမကဏ္ဍမှ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေ


02 Apr,2026

ပေါက်‌ခေါင်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမ ကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော စပါးမျိုး နှင့် သွင်းအားစုများကို ပံ့ပိုးပေးထားသည့် အခြေခံသမဝါယမအသင်း(၄)သင်း၊ အသင်းသား(၇၀)ဦး၏ နွေစပါးစိုက်ပျိုး ဧက ၅၀၀ စိုက်ပျိုးထားရှိသည့်အနက် ငါးခူအိုင်ကျေးရွာ၊ ငွေလမင်း စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးရဲနိုင်၏ ရေဆင်းပေါ်ဆန်း-၂ စပါး မျိုးစေ့ ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုမှ တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်