Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်ရှိ ဆောင်းဆီထွက်သီးနှံမြေပဲ နုတ်သိမ်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု


30 Mar,2026

ဘားအံ မတ် ၃၀

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးထားသည့် ထုံးအိုင်ကျေးရွာရှိ ထုံးအိုင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းသားတောင်သူ ၅၀ ဦး၏ စိုက်ဧက ၁၇၀ စိုက်ပျိုးထားသော ဆောင်းဆီထွက်သီးနှံမြေပဲ နုတ်သိမ်းနေမှုကို ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး‌ ဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

 ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဦးစီးမှူးက ဆောင်းဆီထွက်သီးနှံမြေပဲစိုက် အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ မြေပဲနုတ်သိမ်းရာတွင် အလေအလွင့်မရှိစေရေး၊ မြေပဲတောင့်များ ကွဲအက်မှုမရှိစေရေး၊ ထွက်ရှိလာသော မြေပဲကုန်ကြမ်းများအား ကာလပေါက်ဈေး ရရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များသမဝါယမအသင်းနှင့် အသင်းအချင်းချင်းချိတ်ဆက်၍ ဝယ်ယူကြိတ်ခွဲရောင်းချစေရေး တို့ကို ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး မြေပဲအထွက်နှုန်းမှာ တစ်ဧကလျှင် ၇8 တင်း ထွက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်