နေပြည်တော်၊ ဧပြီ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် လစဉ်ပြုလုပ်လျက်ရှိသော ဝန်ထမ်းထုတ်ဆန္ဒဖော်ထုတ်ပွဲ(၄/၂၀၂၆)ကို ယနေ့ မွန်းလွဲပိုင်း က အဆိုပါ ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါ ဝန်ထမ်းထုတ်ဆန္ဒဖော်ထုတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က လက်ရှိဖြစ် ပေါ်နေသော စက်သုံးဆီဆိုင်ရာ ကိစ္စရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းများမှ အခက်အခဲများရှိပါက ဖြေရှင်းပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဌာနမှ အကြီးအကဲများအနေဖြင့် ဝန်ထမ်းအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများအား အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားပြီး ဒုတိယညွှန်ကြား ရေးမှူးချုပ်(နည်းပညာ)က ဌာနမှ လက်ရှိအကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသည့် e-Commerce Website ၊ Online Registration ဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် Management Information System-MIS ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူး(စီမံကိန်းဌာနခွဲ)က စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပါက စီမံကိန်း Proposal များ တင်ရာတွင် လိုအပ်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေးဌာနခွဲ)က ယခင်ကျင်းပပြုလုပ် ခဲ့သည့် ဆန္ဒဖော်ထုတ်ပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ယခုကျင်းပပြုလုပ်သည့် ဆန္ဒဖော်ထုတ် ပွဲတွင် ဌာနခွဲများ အလိုက် တင်ပြချက်များကို တင်ပြစေရာ စက်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ဝန်ထမ်းတစ်ဦးက ရုံးတက်/ရုံးဆင်းရာတွင် လိုက်ပါစီးနင်းမည့် ဖယ်ရီကိစ္စအားတင်ပြရာ ညွှန်ကြားရေးမှူး (စီမံခန့်ခွဲရေးဌာနခွဲ)က မိမိတို့ အနေဖြင့် ယခုအသုံးပြုနေသည့် ဖယ်ရီများအား ပကတိမြေပြင် အခြေ အနေကို စိစစ်သွားမည်ဖြစ်ကာ ဌာန အကြီးအကဲများအား ဆက်လက်တင်ပြပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာ ဝန်ထမ်းများ အနေဖြင့် အခက်အခဲများရှိပါ အဆင့်ဆင့် တင်ပြစေပြီး သက်ဆိုင်ရာအလိုက် ကူညီဖြေရှင်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဌာန၏ လုပ်ငန်းများ အောင်မြင်စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်အောင် အမြဲတမ်း လေ့လာကြိုးစားနေရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ ဝန်ထမ်းများ အနေဖြင့် အလုပ်တာဝန်များအား စည်းစည်းလုံးလုံး နေထိုင်ဆောင်ရွက်ကာ တိုင်းပြည် ကောင်းကျိုး နှင့် ပြည်သူ့အကျိုးကို အကောင်းဆုံး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့် နှစ်သစ်ကူးသင်္ကြန်၌ နေရပ်သို့ပြန်ကြရာတွင် မိမိတို့၏ နေရပ်ဒေသ လုံခြုံစိတ်ချမှုရှိမှသာ ပြန်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်