Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်တွင်းကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ်


09 Apr,2026

တောင်တွင်းကြီးမြို့နယ် ရွှေညောင်ပင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ် 
 

တောင်တွင်းကြီး၊ဧပြီ ၉


    မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွဲကန်ကျေးရွာ အုပ်စု၊ရွှေညောင်ပင်ကျေးရွာ၌၂၀၂၆- ၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)မိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းကို (၈-၄-၂၀၂၆)ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စိုးသီတာကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
   ဆက်လက်၍  စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း( VDP) အကောင်အထည်ဖော်ဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စီမံကိန်းလုပ် ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များကို  ရှင်းလင်းပြောကြားသည်။
    ထို့နောက် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စိုးသီတာ နှင့် တာဝန်ရှိသူများက  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၇ဦးကို ကျေးရွာနေပြည်သူလူထုအများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။
      ရွှေညောင်ပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း၁၅၀၊ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း ၅၀၊စုစုပေါင်းငွေကျပ်သိန်း ၂၀၀ အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု၊ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်