Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံစက်ချုပ်နည်းပညာ(TOT)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


09 Apr,2026

နေပြည်တော် ဧပြီလ ၉ ရက်

          သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန(ရုံးချုပ်) အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး​ပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုး​ရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံ နှင့်မွမ်းမံ စက်ချုပ်သင်တန်းများအတွက်  နည်းပြကောင်းများ ပေါ်ထွက်လာစေရန်နှင့် မိသားစု အိမ်တွင်း တစ်နိုင်တစ်ပိုင် အဝတ်အထည်များကို ချုပ်လုပ်ပြီး အပိုကုန်ကျစရိတ် လျော့နည်း သက်သာစေရန် ရည်ရွယ်ပြီး အခြေခံစက်ချုပ်နည်းပညာ (TOT)သင်တန်းကို မတ်လ ၁၂ ရက်မှ စ၍ စုစုပေါင်း(၂၉)ရက်ကြာ ဌာနရှိစက်ချုပ်သင်တန်းအား သင်ယူလိုသည့် အမျိုးသမီးဝန်ထမ်း များကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

         အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့် အမှာစကားပြောကြားရာ ဌာနမှ အမျိုးသမီးဝန်ထမ်းများအတွက် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်း ပညာ(TOT)သင်တန်းကို ၂၀၂၅ ခုနှစ်မှာ (၁)ကြိမ်နှင့်ယခုသင်တန်းအပါအဝင် စုစုပေါင်း (၂)ကြိမ် အထိ ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်တန်းသူများကို ဌာနမှ နောက်ထပ်ဖွင့်လှစ်မည့် စက်ချုပ် သင်တန်းများမှာ အကူနည်းပြအနေဖြင့် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုသင်ယူပြီးမြောက် ခဲ့သူများအနေဖြင့် အခြေခံစက်ချုပ်နည်းပညာရပ်များအပြင် ဖက်ရှင်ဒီဇိုင်းပညာရပ်အထိ စိတ်ပါဝင် စားပြီး တက်ရောက်လိုပါက အရည်အချင်းပြည့်မီသည့်သူများကို ဆောင်းဒါးရက်ကန်းနှင့်အသက်မွေး ပညာသိပ္ပံ(အမရပူရ)တွင် ဖက်ရှင်ဒီဇိုင်းဘာသာရပ်ကို သွားရောက်သင်ကြားခွင့်ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ချုပ်ပညာရပ်နှင့်ပတ်သက်ပြီး အမြဲဆက်လက်လေ့ လာသွားရန်မှာကြားခဲ့ပါသည်။

          ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ထူးချွန်ဆုရ သင်တန်းသူ(၃)ဦးအား ဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်