အုတ်တွင်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သမဝါယမကဏ္ဍမှ နွေစပါးစီမံကိန်းဆောင်ရွက်သည့် ကျေးရွာ ၅ ရွာ၊ အသင်း ၅ သင်း၊ အသင်းသား ၂၀၀ ဦးတို့၏ စိုက်ဧက ၁၀၀၀ တွင် စိုက်ပျိုးသော အထွက်တိုး၊ ထိုင်းနှံကောက်၊ မျိုးစပါး ၉၉၀ ဧကနှင့် ရေဆင်းပေါ်ဆန်း(၂) ၁၀ ဧကအတွက် တစ်ဧကလျှင် ကျပ် ၂၅၀၀၀၀/- နှုန်းဖြင့်ညီမျှသော သွင်းအားစုတို့ကို သမဝါယမကဏ္ဍမှ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။
ယင်းအသင်းများထဲမှ ဆီဆုံကုန်း စိုက်/ထွေသမဝါယမအသင်း အသင်းသားတောင်သူ ၅၆ ဦးအနက် အသင်းသား တောင်သူ ဦးဝင်းကြည် seeder စက်ဖြင့် စိုက်ပျိုးထားသော ရက် ၇၀ အရွယ်ခန့် ထိုင်းနှံကောက်စပါး စိုက်ပျိုးထားရှိမှုကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်