ချောက်မြို့နယ် မိုလာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်း
***********************************
ချောက် ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများ၏ ပကတိလိုအပ်ချက်များအားဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန်အတွက် မိုလာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ စုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်း လက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ ကော်မတီဝင်များ၏ တာဝန်များနှင့် အကျုံးဝင်သောစီမံကိန်းလုပ်ငန်းခွဲများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာသူ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပြီး ကျေးရွာသူ ကျေးရွာသားများ၏ သဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် ၁၁ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေကျပ်သိန်းတစ်ရာ့ငါးဆယ် နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ သားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်