Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) နှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း


21 Apr,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၇.၄.၂၀၂၆)ရက်နေ့ ညနေ (၃း၀၀)နာရီ အချိန်၌ တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားဓမ္မာရုံနှင့် တက္ကသိုလ် ပင်မအဆောက်အဦ ဘွဲ့နှင်းသဘင်ခန်းမတို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း ဆောင်ရွက်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(စီမံ)၊ အုပ်ချုပ်ရေးဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါ‌မောက္ခ/ ကထိက (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ရွှေသမားကျောင်းတိုက်ဆရာတော်အမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များမှ  တိလောကမာရဇိန်ဆုတောင်းပြည့် မြတ်စွာဘုရားဓမ္မာရုံတွင်လည်းကောင်း၊ တက္ကသိုလ် ပင်မ အဆောက်အဦ ဘွဲ့နှင်းသဘင်ခန်းမတွင်လည်းကောင်း   အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပါသည်။ 

ဆက်လက်၍ ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်