Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှည်းကူးမြို့နယ် အင့်ကန့်လန့်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်း


25 Apr,2026

လှည်းကူးမြို့နယ် အင့်ကန့်လန့်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်း

‎************************************************************************

‎လှည်းကူး                   ဧပြီ                     ၂၅

‎‎ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု ၊ အင့်ကန့်လန့်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက နိုင်ငံတော်အစိုးရသစ်၏ အကောင်အထည်ဖော်ဆောင်ရွက်မည့် ရက် ၁၀၀ စီမံချက်နှင့် စပ်လျဉ်းသည့်လုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းတွင် လိုက်နာရမည့် မူဘောင်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဝန်ထမ်းက စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်ရွေးချယ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ တာဝန်ဝတ္တရားများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ၊ နည်းဥပဒေများ ၊ ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် တာဝန်များနှင့် ရပိုင်ခွင့်များကို ရှင်းလင်း ပြောကြားသည်။

‎‎ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာတာဝန်ရှိသူများနှင့်အတူ အင့်ကန့်လန့်ကျေးရွာ ၌ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို အသုံးပြု၍ တနိုင်တပိုင် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်