ဟင်္သာတ မြို့နယ် ငါးဖယ်ထူ (မ) ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်း(RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း
ဟင်္သာတ ဧပြီ ၂၄
ဧရာဝတီ တိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ငါးဖယ်ထူ(မ) ခေတ်မီစံပြ ကျေးရွာ၌ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစား၊ အငယ်စား ၊ အလတ်စား စီးပွားရေး လုပ်ကိုင်သူများ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ စာသင်ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးဟန်က ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ် ချက်များ ကို ကျေးလက်နေပြည်သူများမှ စိတ်ပါဝင်စားစွာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားပါ သည်။
ထို့နောက် ဟင်္သာတ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက စီမံကိန်းလုပ်ငန်းစဉ်များနှင့် အကျိုးကျေးဇူးများ ၊ စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းလုပ်ငန်းတွင် ပါဝင်သည့် လုပ်ငန်းအဖွဲ့ ဝင်များ ရွေးချယ်မှုသတ်မှတ်ပုံစံများ၊ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ လုပ်ငန်းအဖွဲ့ဝင်များကို အတည်ပြု ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟင်္သာတ မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း (RBF) ရန်ပုံငွေ ကျပ်သိန်းသုံးရာ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာ သားများက အစုအဖွဲ့များဖွဲ့ကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသောအသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟင်္သာတ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်