မန္တလေးတိုင်းဒေသကြီးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း(၁၀)ခုနှင့် ကျေးလက်ကုန်ထုတ်လမ်း၊ ရွာတွင်းလမ်း၊ ကုန်ထုတ်တံတားလုပ်ငန်း(၅)ခု အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်
မန္တလေး ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်း ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၅၁၆.၅၄၂ ကျပ်သန်းတို့ဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန်နှင့် ကျေးလက် လယ်ယာ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန်ရည်ရွယ်၍ ကျေးလက် ရေရရှိလုပ်ငန်း(၁၀)ခု၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်း၊ ကုန်ထုတ်တံတားလုပ်ငန်း(၅)ခုကို အကောင်အထည် ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ရေရရှိလုပ်ငန်းများကို စဉ့်ကိုင်မြို့နယ်၊ ကသံစု၊ ကျောက်ပန်းတောင်းမြို့နယ်၊ စံပယ်ပင်၊ ညောင်ဦးမြို့နယ်၊ မြင်းကပါ၊ ဝမ်းတွင်းမြို့နယ်၊ အောင်သာ၊ သာစည်မြို့နယ်၊ မောင်းတိုင်၊ တနောင်ကုန်း(တောင်)၊ ကျောက်အိုး၊ ကန်ကြီးအောက်၊ ကုက္ကိုပေါက်၊ ပုပ္ပါးကုန်းကျေးရွာတို့တွင်းလည်းကောင်း၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်း၊ ကုန်ထုတ်တံတားများကို ပျော်ဘွယ်မြို့နယ်၊ ညောင်ပင်လှ၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့၊ ပုတီးကုန်း၊ သစ်ဆုံလေး၊ ပုသိမ်ကြီးမြို့နယ်၊ ဂျိုင့်ကြီးကျေးရွာတို့ တွင် ဧပြီလ တတိယပတ်က အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်က ပြောပြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါကျေးလက်ရေရရှိရေးလုပ်ငန်း(၁၀)ခုနှင့် ကျေးလက်ကုန်ထုတ်လမ်း(၁)လမ်း၊ ကျေးရွာ တွင်း(၃) လမ်း၊ ကုန်ထုတ်တံတား(၁)ခု လုပ်ငန်းများကို မြို့နယ်(၈) မြို့နယ်ရှိ ကျေးရွာရှိ(၁၅)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးလက်နေ ပြည်သူများ အား အကျိုးပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများအား သတ်မှတ်စံချိန်းစံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးကျော်

Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်