ရမည်းသင်း ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရမည်းသင်းမြို့နယ်၊ သစ်ဆုံလေးကျေးရွာတွင် ၂၀၂၆- ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော် ဆောင်ရွက်နိုင်ရေး လက်ရှိမြေပြင်အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်နှင့် ဝန်ထမ်းများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြေသားမိုးရေလှောင်ကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး လက်ရှိမြေပြင် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားပါသည်။
သစ်ဆုံလေးကျေးရွာ မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်း အလျားပေ ၃၀၀ ၊ အနံပေ ၁၅၀ ၊ အနက် ၅ ပေ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက် (၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၆၁ အိမ်၊ လူဦးရေ ၈၅၀ ဦးနှင့် ကျွဲနွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ အဆင်ပြေနိုင်မှာဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်