ရေဖြူမြို့နယ်၊ ကျေးရွာ ၂ ရွာ၌ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
************************************************************************
ရေဖြူ ဧပြီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပိန္နဲတောကျေးရွာနှင့် အနောက်ပယကျေးရွာတို့၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် များနှင့်အတူ ပိန္နဲတောကျေးရွာနှင့် အနောက်ပယကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ထောက်ပံ့ငွေကျပ်သိန်း ၁၅၀ စီဖြင့် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရွာတွင်းလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေပြင်ရှိလက်ရှိအခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး ဦးစီးအရာရှိက လုပ်ငန်းဆောင်ရွက်မည့် အစီအစဥ်များကို ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါကျေးရွာ ၂ ရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ကျေးရွာသူ/သားများ ဖော်ထုတ်ရရှိသည့် လုပ်ငန်းများအနက် ဦးစားပေးလုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာ ခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်