နေပြည်တော်၊ ဧပြီ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရက်(၁၀၀)အတွင်း ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်နေ ပြည်သူများ မိသားစုဝင်ငွေတိုးပွားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်စေရန်ရည်ရွယ် သည့် “စက်ချုပ်နည်းပညာသင်တန်း”နှင့် “Snack အမျိုးမျိုး၊ ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာ သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ Incubation Center ၌ကျင်းပပြုလုပ်သည်။အဆိုပါအခမ်းအနားတွင် လယ်ဝေးမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျေးရွာမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများဖြင့် စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးက ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို အစဥ်တစ်စိုက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု သင်တန်းများကို တတ်တတ်ကြွကြွနှင့် သင်ယူစေလိုကြောင်း၊ အလားတူ ဒေသဖွံ့ဖြိုးရေး အတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ယခုဖွင့်လှစ်သည့် သင်တန်းများကို လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ပျဉ်းမနားခရိုင်တို့တွင် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒက္ခိဏသီရိမြို့နယ် ပိတောက်ကုန်း ကျေးရွာနှင့် လယ်ဝေးမြို့နယ် ဆည်စုကျေးရွာတို့တွင် ဖွင့်လှစ်မည့် စက်ချုပ်နည်းပညာသင်တန်းကို အခြေခံနှင့် မွမ်းမံသင်တန်း စုစုပေါင်း ၄၅ ရက်ကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ ပျဉ်းမနားခရိုင်တွင် ဖွင့်လှစ်မည့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းကို ၁၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်မှ စတင်ကာ ဤစီမံကိန်းကို ဖော်ဆောင်ခဲ့ရာ ပထမနှစ်တွင် ကျေးရွာ ၁၅၁ ရွာ၌ လုပ်ငန်းရှင် ၇၅၅ ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၉၃ ရွာ၌ လုပ်ငန်းရှင် ၉၆၅ ဦးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၂၀၀ ရွာ၌ လုပ်ငန်းရှင် ၉၉၀ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းရှင် စုစုပေါင်း ၂,၇၁၀ ဦးကို ပေါ်ထွန်းလာစေခဲ့ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ်တွင်လည်း ကျေးရွာပေါင်း ၂၁၄ ရွာတွင် သင်တန်းများ ထပ်မံဖွင့်လှစ်ရန် လျာထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းနှင့် Snack အမျိုးမျိုး၊ ယိုမျိုးစုံထုတ်လုပ်မှုနည်းပညာ သင်တန်းများတွင် သင်တန်းသားများအား သက်ဆိုင်ရာနည်းပညာရပ်များကို ကိုယ်ပိုင် လုပ်ငန်း ထူထောင်နိုင်သည်အထိ စာတွေ့(၃၀)ရာခိုင်နှုန်း၊ လက်တွေ့(၇၀) ရာခိုင်နှုန်း သင်ကြား ပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၁၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့်ပေးပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်