Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်ကျေးရွာအုပ်စု၌ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်


27 Apr,2026

ရမည်းသင်း၊ ဧပြီ ၂၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းဖြင့် စက်ချုပ် နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စံပြသိမ်ကုန်ကျေးရွာအုပ်စု၌ ကျင်းပသည်။

           အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန စီမံကိန်းကော် မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

           အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က သင်တန်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က အမှာ စကားပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသည့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် စီမံချက်များနှင့် စီမံကိန်းလုပ်ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအား အဖွဲ့ ခေါင်းဆောင်ထံသို့ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်း သား(၁)ဦးအား သင်တန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

         အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား ၂၇.၄.၂၀၂၆ရက်နေ့မှ ၂၆.၅.၂၀၂၆ ရက်နေ့ အထိ(၃၀)ရက်၊ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား ၁.၆.၂၀၂၆ ရက်နေ့မှ ၁၅.၆.၂၀၂၆ ရက်နေ့ အထိ (၁၅)ရက် စုစုပေါင်း(၄၅)ရက်ကြာ သင်တန်းသား (၁၅)ဦးအား စာတွေ့/ လက်တွေ့ သင်ကြား ပြသသွားမည်ဖြစ်ပြီး သင်တန်းသားများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်းများကိုလည်း သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်