Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၌ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်


27 Apr,2026

မန္တလေး၊ ဧပြီ ၂၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းဖြင့် စက်ချုပ် နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင် မြို့နယ် ဘယ်လင်း ကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

       အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီး၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်း ကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

        အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသည့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် စီမံချက်များနှင့် စီမံကိန်းလုပ် ငန်းများ အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။

         ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးက ရက်(၁၀၀)စီမံချက်ဖြင့်၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအား ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူးနှင့် စီမံကိန်းကော်မတီဝင်များထံ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များက သင်တန်းသူများအား သင်တန်းသုံးပစ္စည်းများ ပေးအပ်ကြသည်။

       အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား ၂၇.၄.၂၀၂၆ရက်နေ့မှ ၂၆.၅.၂၀၂၆ ရက်နေ့အထိ (၃၀)ရက်၊ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား ၁.၆.၂၀၂၆ရက်နေ့မှ ၁၅.၆.၂၀၂၆ ရက်နေ့အထိ (၁၅)ရက် စုစုပေါင်း(၄၅)ရက်ကြာ သင်တန်းသူ(၁၅)ဦးဖြင့် စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားများထဲမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လုပ်ငန်းသုံး ပစ္စည်းများကိုလည်း သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်