Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ စိုက်ပျိုးချိန်အမီ ဖြန့်ဖြူးရောင်းချနိုင်ရေး တိုက်တွန်းမှာကြား မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


27 Apr,2026

နေပြည်တော် ဧပြီ ၂၇

          စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြန့်ဖြူး ရောင်းချနိုင်ရေးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ရာသီတွင် အချိန်မီရရှိရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီးများနှင့် စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေး လမ်းညွှန်မှာကြားချက်နှင့်အညီ ကျေးလက်နေပြည်သူများ အဓိကလုပ်ကိုင်နေကြသည့် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ မြင့်မား တိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး၊ ရည်ညွှန်းဈေးနှုန်းများ လစဉ်ထုတ်ပြန်ပေးလျက်ရှိသဖြင့် သိုလှောင်ဈေးကစားခြင်းများ မရှိစေရေးနှင့် သွင်းအားစုများ၏ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီရရှိရေး၊ ထိုက်သင့်သော သက်သာသည့် ဈေးနှုန်းဖြစ်စေရေးကို တာဝန်ရှိသူအားလုံး ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ် သွားကြရန် တိုက်တွန်း မှာကြားပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူတင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

          ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာမှ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ကို မဏ္ဍိုင်ပြု၍ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စုပေါင်းအားဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင် ဆောင်ရွက်နေပါ ကြောင်း၊ စိုက်ပျိုးရေး ထုတ်လုပ်မှု တိုးတက်ရေးသည် သွင်းအားစုများသုံးစွဲရန် လိုအပ်ပါကြောင်း၊ စနစ်ကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖြစ်စေရန်အတွက် လိုအပ်သည့် နည်းပညာများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတောင်သူများ အနေဖြင့်လည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။

          ဆက်လက်၍မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူများမှ လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျောက်ဆည်မြို့နယ်အတွင်း ရှိကျေးရွာ(၈)ရွာမှ နွေစပါးစိုက်တောင်သူများအတွက် သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်